မန်ဘာဝင်သွားနိုင်ပါတယ်

Thursday, March 22, 2018

သင့်ဖုန်းကို အတုလား အစစ်လားဆိုဒါ ဘယ်လိုခွဲမလဲ????


ဒီ​နေ့​ခေတ်​မှာ
 Second Hand ဖုန်းတစ်​လုံး ဒါမှမဟုတ်​ ​ဈေး​ပေါတဲ့ ဖုန်းတစ်​လုံးကို ဝယ်​ရတာ အလွန်​စွန့်​စားရပါတယ်​။ ယ​နေ့​ခေတ်​​ပေါ် ဆဲလ်​ဖုန်း​တွေ အထူးသဖြင့်​ တန်​ဖိုးမြင့်​ဖုန်း အမျိုးအစား​တွေကို အတုပြုလုပ်​နိုင်​လို့ပါဘဲ။
ဖုန်းအတု​တွေကို Clone (ကလုန်း) သို့မဟုတ်​ Premium Copies ​တွေလို့လဲ​ခေါ်ကြပါတယ်​။ ဖုန်းကိုပြုလုပ်​ထားတဲ့ ပစ္စည်း​တွေကို ကြည့်​ရုံနဲ့​တော့ အတုနဲ့ အစစ်​က ခွဲခြားလို့ မရနိုင်​​အောင်​ တူလွန်းတတ်​ပါတယ်​။ ဒါ​ပေမယ့်​ ကွဲပြားချက်​က​တော့ အမြဲ ရှိစမြဲပါဘဲ။ ဘာတွေကို စစ်​​ဆေးကြည့်​ရမယ်​ ဆိုတာသာသိရင်​ မင်းရဲ့ဖုန်းက အစစ်​လား အတုလားဆိုတာ ခွဲခြားသိနိုင်​မှာပါ။

‌၁။ ဖုန်းအစစ်​နဲ့ နှိုင်းယှဉ်​ကြည့်​ခြင်း


ပထမဆုံး နည်းလမ်းက​တော့ ဖုန်းအစစ်​တစ်​လုံးနဲ့ ယှဉ်​ကြည့်​တာဘဲဖြစ်​ပါတယ်​။ တန်​ဖိုးမြင့်​တဲ့ ဖုန်း​တော်​​တော်​များများဟာ ဖုန်းကိုယ်​ထည်​ကို တန်​ဖိုးမြင့်​ အ​ကောင်းစားပစ္စည်း​တွေနဲ့ ပြုလုပ်​ထားကြ​တော့ ဖြစ်​နိုင်​မယ်​ဆိုရင်​ မင်းဖုန်းနဲ့ တစ်​ခြားဖုန်းတစ်​လုံးနဲ့ ယှဉ်​ကြည့်​ပြီး စစ်​​ဆေးနိုင်​ပါတယ်​။
‌* ဒီလိုစစ်​​ဆေးကြည့်​လို့ မင်းဖုန်းက ဖုန်းအစစ်​နဲ့ လုံးဝတူ​နေရင်​​တောင်​ မင်းဖုန်းက အစစ်ပါလို့​တော့ အာမမခံနိုင်​​သေးဘူး။
‌၂။ ကိုယ့်​ဖုန်းထုတ်​လုပ်​တဲ့ ကုမ္ပဏီရဲ့ Website ကိုဝင်​ပြီး ဖုန်းမှာဘယ်​လိုပစ္စည်းအမျိုးအစား​တွေ သုံးထားလဲဆိုတာ စစ်​​ဆေးကြည့်​ရမှာပါ။

ဥပမာအ​နေနဲ့ မင်းရဲ့ဖုန်းက Samsung အမျိုးအစားဖုန်း တစ်​လုံးဆိုပါ​တော့ Samsung Website မှာ ဖုန်းရဲ့ Screen ကို မှန်​နဲ့လုပ်​တယ်​လို့ ​ဖော်​ပြထားပြီး ကိုယ့်​ဖုန်း​မှာ​တော့ Screen က ပလပ်​စတစ်​နဲ့ လုပ်​ထားရင်​​တော့ မင်းဖုန်းက Clone ဖြစ်​တယ်​ဆိုတာ ​သေချာသွားပြီ​ပေါ့။

၃။ အသုံးပြုထားတဲ့ Software များနှင့်​ Specifications များကိုစစ်​​ဆေးခြင်း

ဖုန်းပါကင်​ဘူးရဲ့ ​နောက်​​ကျောဘက်​မှာပါတဲ့ Specifications အချက်​အလက်​များနှင့်​ မိမိဖုန်းမှာထဲမှ Settings>About Phoneထဲရှိ Specifications များနှင့်​ တိုက်​ဆိုင်​စစ်​​ဆေးကြည့်​ရပါမယ်​။


အကယ်​၍ အချက်​အလက်​​တွေက မကိုက်​ညီဘူးဆိုရင်​​တော့ မင်းရဲ့ဖုန်းဟာ အတုဖြစ်​နိုင်​ပါတယ်​။
* အကယ်​၍ ဖုန်း​ပါကင်​ဘူး ​ပျောက်​သွားခဲ့ရင်​​တော့ ဖုန်းရဲ့ Specifications အားလုံးကို GSMArena နှင့်​ ဖုန်းရဲ့ Official Website တို့မှာ ရှာ​ဖွေကြည့်​ရူနိုင်​ပါတယ်​။

၎။ ဖုန်းရဲ့ အချက်​အလက်​များကို Third Party Software သုံး၍စစ်​​ဆေးခြင်း

ဖုန်းရဲ့ အချက်​အလက်​များကို စစ်​​ဆေးရန်​အတွက်​ Google Playမှ Antutu Benchmark Applicationကိုရှာ၍ Downloadရယူပါ။


Application ရဲ့ Logoက​တော့ အနီ​ရောင်​ Androidစက်​ရုပ်​​လေးကို မီး​တောက်​​တွေ ​နောက်​ခံထားတဲ့ ပုံစံ​လေးနဲ့ပါ။ ဒီ Application ကိုသုံးပြီး​တော့ ကိုယ့်​ဖုန်းရဲ့ Specifications ​တွေနဲ့ Device’s Name တို့ကိုစစ်​​ဆေးနိုင်​ပါတယ်​။


တခြားဖုန်းတစ်​ခုရဲ့ နာမည်​ကိုပြ​နေရင်​​တော့ Cloneဖြစ်​​နေပြီ​ပေါ့။
၅။ Software များကို စစ်​​ဆေးခြင်း

မင်းဖုန်းက Iphone ဆိုရင်​​တော့ Software​တွေစစ်​ကြည့်​နိုင်​ပါတယ်​။ Iphone​တွေမှာ JAVA OSကို မသုံးနိုင်​တဲ့ အတွက်​ OS အဖြစ်​ Android စနစ်​ကိုသာ အသုံးပြုကြပါတယ်​။


ios စနစ်​ဟာ Apple ကုမ္ပဏီရဲ့ သီးသန့်​မှုပိုင်​ဖြစ်​တဲ့ အတွက်​ Cloneထုတ်​တဲ့သူ​တွေဟာ iosကို အသုံးမပြုနိုင်​ကြပါဘူး။ * အထူးသဖြင့်​ Iphoneမှာ iTunes Apple Store သာပါရှိပြီး Google Play မပါရှိဘူးဆိုတာကို သတိပြုနိုင်​ပါတယ်​။
၆။ Serial Number များကို စစ်​​ဆေးခြင်း

မင်းဖုန်းက Iphone ဆိုရင်​ ဖုန်းရဲ့ 
Serial Number များကို Website မှာ စစ်​​ဆေးကြည့်​နိုင်​ပါတယ်​။


Settings >General > About Phone အတိုင်းဝင်​​ရောက်​ပြီး Serial Number ကိုရယူနိုင်​ပါတယ်​။


Serial Numberကိုရပြီဆိုရင်​​တော့ ဒီ​နေရာမှာ
ထည့်​သွင်း၍ ဖုန်းရဲ့ Warranty ကာလကိုစစ်​​ဆေးရမှာပါ။ အကယ်​၍ ယခုလို “We’re sorry, but this serial number is not valid. လို့​ပြောလာခဲ့ရင်​​တော့ မင်းရဲ့ဖုန်းက အတုဖြစ်​တယ်​ဆိုတာ ​သေချာ​နေပါပြီ။
၇။ IMEI ကိုစစ်​​ဆေးခြင်း

Android နှင့်​ အခြားဖုန်းအမျိုးအစား​တွေအတွက်​​တော့ ကိုယ့်​ဖုန်းရဲ့ ​နောက်​​ကျောဘက်​မှာ IMEI နံပတ်​များကို​တွေ့နိုင်​ပါတယ်​။
အကယ်​၍Stickerက ပျက်​ဆီး​နေပြီဆိုရင်​​တော့ Settings > About > Status ထဲကို ဝင်​​ရောက်​ကြည့်​ရူနိုင်​ပါတယ်​။

*#06# ကိုနှိပ်​ပြီး​တော့လည်း IMEIကို ကြည့်​နိုင်​ပါတယ်​။
IMEIနံပါတ်​ရပြီဆိုရင်​​တော့ Imei.info ထဲသို့ဝင်​​ရောက်​ပြီး IMEIနံပါတ်​ကို ရိုက်​ထည့်​၍ စစ်​​ဆေးကြည့်​ပါ။



ဖော်​ပြတဲ့ အချက်​အလက်​များဟာ မင်းရဲ့ဖုန်းကပြတဲ့ အချက်​အလက်​​တွေနဲ့ လွဲ​နေရင်​​တော့ မင်းရဲ့ဖုန်းက အတုဖြစ်​​နေနိုင်​ပါတယ်​။

အားလုံးကိုလေးစားလျှက်



EmoticonEmoticon

About Me