မန်ဘာဝင်သွားနိုင်ပါတယ်

Sunday, February 19, 2017

Asus Zenfone ဖုန်း all models များကို Asus Flash Tool ဖြင့် Firmware ပြန်တင်နည်း

Asus Zenfone ဖုန်း all models များကို Asus Flash Tool ဖြင့်
Firmware ပြန်တင်နည်းကို အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
မနေ့က ညီအကိုတစ်ယောက်ရဲ့ မေးမြန်းမှုကနေ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ
အစ်ကိုဆိုက်မှာ Asus ဖုန်းတွေနဲ့ပတ်သက်ပြီး Firmware တင်နည်းတွေကို 
တင်ပေးထားတဲ့ သိပ်မတွေ့မိလို့ ဆိုပြီးတော့လည်းအကြံကောင်းပေးလာတာကို
သတိထားမိခဲ့ပါတယ်။
အရမ်းကျေးဇူးတင်ပါတယ် အကြံညဏ်ကောင်းပေးလာမှုကိုလည်း 
လှိုက်လှဲစွာဖြင့်ကြိုဆိုပါတယ်၊ နောက်များလည်း ၀ါသနာတူ ညီအကိုများ
အနေဖြင့် မိမိအတွက်ရော့ တစ်ခြားညီအကိုတွေအတွက်ပါ တတ်သိ
သလောက်လေးကို မျှဝေခံစားရယူနိုင်အောင် ပြန်လည် အကြံကောင်းများဖြင့်
ပေးပို့လာကြဖို့ အတူလက်တွဲလျှောက်ကြဖို့ကို အထူးပြောကြားလိုပါတယ်ခင်ဗျား...
ယခုဖေါ်ပြ Asus Zenfone ဖုန်း all models များကို Asus Flash Tool ဖြင့်
 Firmware ပြန်တင်နည်းသည် Asus Zenfone ဖုန်းနဲ့ပတ်သက်ပြီး 
Firmware ပြန်လည်ရေးသားရန်အခက်ကြုံနေတဲ့ သူတွေအတွက် 
အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Step တွေလည်းမများပဲ ရိုးရှင်းပါတယ် အားလုံးလုပ်တတ်ကြမှာပါ
နားလည်လွယ်မယ့်ပုံစံဖြင့် ရေးသားပေးလိုက်ပါတယ်၊ လေ့လာကြည့်လိုက်ပါ။
Asus Flash Tool ဖြင့် Firmware ပြန်တင်နည်း
==========================
၁။ အပေါ်မှာပေးထားတဲ့ Asus Flash Tool ကိုဒေါင်းလော့ရယူပြီး ကွန်ပျူတာမှာ
Install ပြုလုပ်လိုက်ပါ၊ Auto installer ဖြစ်လို့ ထည့်သွင်းရတာမခက်ပါ။
၂။ ကွန်ပျူတာတွင် ထည့်သွင်းပြီးသွားတဲ့အခါ Asus Flash Tool ကိုဖွင့်လိုက်ပါ
၃။ အထက်ပါနည်းအတိုင်းလည်း Flash Tool ကိုဖွင့်လို့ရသလို
အောက်ပါနည်းလမ်းအတိုင်းလည်း အလွယ်တကူ ဖွင့်ယူနိုင်ပါတယ်။
W + R ကိုတွဲနှိပ်ပြီး Run Box ထဲမှာ Asus ဆိုပြီး ရိုက်ထည့်
Enter ခေါက်ပေးလိုက်ရင်  Flash Tool ပွင့်လာပါလိမ့်မယ်။
၎။ ဖုန်းကို ကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပါ၊ ဒီနေရာမှာ ဖုန်းကို 
(Normal mode,Recovery mode or Fastboot mode
တစ်ခုခုဖြင့် ချိတ်ဆက်နိုင်ပါတယ်။
၅။ ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်ပြီးတဲ့အခါ Tool မှ 
"Disconnected" ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါ။
၆။ အောက်ပါပုံအတိုင်း Flash Tool တွင် အစိမ်းရောင်ကာလာဖြင့်
Connected ဆိုပြီးပြနေရင် ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေနေပါပြီ။
၆။ အောက်ပါပုံအတိုင်း "Browse" ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပြီး
မိမိဒေါင်းလော့ရယူထားတဲ့ သက်ဆိုင်ရာ Asus Zenfone ဖုန်းအတွက်
Firmware rom ကိုရေးချယ်ပေးလိုက်ပါ။
၇။ Firmware တင်ယူရန်အတွက် အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့
အောက်ပါပုံအတိုင်း Flash Tool မှ Start ဆိုတဲ့နေရာကိုနှိပ်ပေးလိုက်ပါ။
၈။ Firmware process တစ်ခုစတင်ပြီဆိုတာနဲ့ အောက်ပါပုံအတိုင်း "message box" လေး
ကျလာပါလိမ့်မယ်၊ Ok ကိုသာနှိပ်ပေးပါ အဲဒီအချိန်မှာ "Resume" နေရာကို မနှိပ်မိပါစေနဲ့

၉။ အားလုံးပြီးသွားရင်တော့ Flash Tool မှ Resume ဆိုတဲ့နေရာကို
နှိပ်ပေးလိုက်ပြီး Firmware ရေးသားခြင်း ပြီးဆုံးသည့်တိုင် စောင့်နေလိုက်ပါ။


၁၀။ အားလုံးပြီးသွားရင်တော့ ဖုန်းကို Restart ချပေးလိုက်ပါ ပါဝါပြန်ပွင့်ပြီး
တက်လာတဲ့အခါ သင့်ဖုန်းမှာ Official Firmware လေးလန်းနေပါလိမ့်မယ်။
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) 

www.zunite.org


EmoticonEmoticon

About Me