မန်ဘာဝင်သွားနိုင်ပါတယ်

Sunday, November 20, 2016

လူတိုင်းကို passcode ချိုးဖောက်ခွင့်ပေးလိုက်တဲ့ iphone ရဲ့ ကြောက်မက်ဖွယ်ချို့ယွင်းချက်

လူတစ်ယောက် နဲ့ iPhones နှစ်လုံး ရှိရုံနဲ့ passcode မလိုအပ်ဘဲ နှစ်လုံးထဲကတစ်လုံးကို ဖောက်ထွင်းနိုင်တဲ့ နည်းပညာကို iDeviceHelp က ချပြလိုက်ပါတယ်။ ဘယ်လိုမျိုးလုပ်ရသလဲဆိုတာကို အပေါ်ကဗွီဒီယိုမှာ ပြထားပါတယ်။ ဒါပေမယ့် အကြာကြီးသုံးလို့ရမယ်တော့ မထင်လိုက်ပါနဲ့။ Apple က သိသွားတာနဲ့ ကျွန်တော်တို့ ဘေးကင်းဖို့အတွက် ပြန်ပြီး ပြင်ဆင်ပေးမှာပါ။ဘယ်လို ဖြစ်ရပ်မျိုးမှာမဆို ဗွီဒီယိုကြည့်ပြီး iDeviceHelp ပြုလုပ်သွားသလို Siri ၊ iMessage ၊ FaceTime စတာတွေကို အသုံးပြုပြီး lock ဖြစ်နေတဲ့ iPhone ကနေ contact တွေ၊ ကင်မရာပိုင်းတွေနဲ့ အခြားအထိမခံတဲ့ ဖိုင်တွေကိုပါ ကြည့်နိုင်ပါတယ်။ iPhone password ဖျက်ဖို့အတွက် FBI က ငွေတွေအများကြီးပေးလိုက်တယ်ဆိုတဲ့အဖြစ်ဟာ အခုလိုမျိုး အလွယ်တကူ လိုချင်တာရနိုင်တဲ့ချို့ယွင်းချက်ပေါ်လာတော့ ရယ်စရာကြီး ဖြစ်နေပါတယ်

                   

ကောင်းတာအတွက်ပဲ အသုံးချပါ

သင့်ရဲ့ ကိုယ်ပိုင် phone မှာ အသုံးချဖို့ကလွဲပြီး ဖြစ်နိုင်ရင် အခြားမှာ အသုံးမချပါနဲ့။ တကယ်လို့ သင်ဟာ passcode မေ့သွားတဲ့အချိန်မျိုးမှာ အခုလိုအသုံးမယ်ဆိုရင်တော့ အရမ်းကို အဆင်ပြေပါတယ်။ သင်ကံကောင်းတယ်ဆိုရင်တော့ ချို့ယွင်းချက်မပြင်နိုင်မချင်း အသုံးပြုနိုင်မှာပါ။ ဒါပေမယ့် မကြာခင်မှာ ပြန်ပြီး ပြင်ဆင်တော့မှာပါ။

 


EmoticonEmoticon

About Me