မန်ဘာဝင်သွားနိုင်ပါတယ်

Sunday, September 4, 2016

Root access မရှိတဲ့ MTK ဖုန်းတစ်လုံးမှ Full Firmware Backup ထုပ်နည်း 1000%

Root access မရှိတဲ့ MTK ဖုန်းတစ်လုံးမှ Full Firmware Backup ထုပ်နည်းကို
တောင်းဆိုနေကြတဲ့ ညီအကိုတွေနဲ့ အလိုရှိနေကြတဲ့ သူတွေအတွက် ဒီဗွီဒီယိုဖိုင်ကို
ပြုလုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်။

Root access မရှိတဲ့ MTK ဖုန်းတစ်လုံးမှ Firmware ကို Backup ထုပ်ယူမယ်ဆိုရင်တော့
ယခုလက်ရှိ ခေတ်စားနေတဲ့ အားလုံးသိနေကြတဲ့ SP Flash Tool ဖြင့် Readbak ပြုလုပ်ပြီး
ထုတ်နည်းနဲ့ Piranha Crack Box များဖြင့် အလွယ်တကူ ထုတ်ယူနိုင်ပါတယ်၊ 100% နှုန်းပါ။




တစ်ခြား Key box များကိုတော့ အထူးပြောနေစရာမလိုတော့ဘူး One Click ဖြင့်
Full Backup ပြုလုပ်ယူနိုင်ပါတယ်၊ ဒါပေမယ့် Box အတွက် အခက်ခဲရှိနေကြတဲ့
သူတွေအတွက်တော့ အထူးသဖြင့် ဖုန်းဆားဗစ် သမားများအတွက် Root မဖောက်သေးတဲ့
ဖုန်းတစ်လုံးက ကိုယ့်လက်ထဲရောက်လာပြီဆိုရင်တော့ ဖုန်းကို ဘာမှ မပြုလုပ်သေးခင်
အရင်ဦးဆုံး Backup လေးထုပ်ထားလိုက်ချင်တယ်၊ ပြီးတော့မှ စိတ်ကြိုက်ကလစ်ယူချင်ကြပါတယ်။

ဒီတော့ခါ Key Box များအတွက် အဆင်မပြေသေးရင်တော့ အဆိုပါ SP Flash Tool ဖြင့်
Readbak ပြုလုပ်ပြီး ထုတ်နည်းနဲ့ Piranha Crack Box ဖြင့် ထုတ်ယူနည်းကို လေ့လာထားသင့်ပါတယ်
ဒါကြောင့် ဒီနေ့ SP Flash Tool ဖြင့် Readbak ပြုလုပ်ပြီး Firmware ထုတ်ယူနည်းကို ရှင်းပြပေးလိုက်ပါတယ်။


Root access မရှိတဲ့ MTK ဖုန်းတစ်လုံးမှ Full Firmware Backup ထုပ်နည်းကို
စတင်လေ့လာတော့မယ်ဆိုရင်တော့ သက်ဆိုင်ရာဖုန်းများအတွက် USB Driver များနဲ့
Backup ထုတ်ရန်အတွက် လိုအပ်မယ့် Tool များကို အောက်ပါအတိုင်းလေ့လာကြည့်ပါ။

လိုအပ်ချက်များ
=========
၁။ Backup ထုတ်ယူမည့်ဖုန်းသည် MTK ဖုန်းဖြစ်ရမည်။
၂။ MediaTek_USB_VCOM_drivers ကိုထည့်သွင်းထားရမည်။
၃။ Mtk_Droid_Tool_v2.5.3 (ဗားရှင်းတစ်ခုခု-နောက်ဆုံးထွက်ပိုကောင်း)
၎။ SP_Flash_Tool_v5.1628_Win (ဗားရှင်းတစ်ခုခု-နောက်ဆုံးထွက်ပိုကောင်း)
Full Firmware Backup ထုပ်နည်း
---------------XXX----------------
Full Firmware Backup ထုပ်နည်း အပြည့်အစုံကို ကဏ္ဍသာ မခွဲပဲ ပေးလိုက်ရင်တော့
စာရှည်သွားမှာဖြစ်တဲ့အတွက် အများနားလွယ်အောင် ပြုလုပ်လို့ လွယ်ကူအောင် အပိုင်းခွဲထားပါတယ်။


ှScatter File ဖန်တီးနည်း
=============
ှScatter File ရဲ့သင်္ကေတကို အားလုံးလည်းသိပြီးဖြစ်မှာပါ SP Flash Tool ဖြင့်
Firmware တင်မယ်ဆိုရင်တော့ Scatter Loading နေရာမှာ သက်ဆိုင်ရာဖုန်း၏
Scatter File ကိုရွေးချယ်ပြီးမှာ Firmware တင်ယူရတဲ့ Mtk ဖုန်းများ၏
(Firmware Rom) ဖြစ်ပါတယ်။

၁။ ဖုန်းကို ပါဝါဖွင့်ပြီး USB Cable ဖြင့် ချိတ်ဆက်လိုက်ပါ။

၂။ Mtk_Droid_Tool_v2.5.3 ကိုဖွင့်လိုက်ပါ။

၃။ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေရင်တော့ Blocks Map နေရာကိုနှိပ်ပါ။

၎။ Create Scatter File နေရာကို ထပ်နှိပ်ပါ၊ ပြီးရင် ကွန်ပျူတာတွင် သိမ်းဆည်းထားမယ့်
နေရာကို ညွှန်းပေးလိုက်ပါ ( New Folder တစ်ခုတည်ဆောက်ထားနိုင်ပါတယ်)

၅။ သိမ်းဆည်းမယ့်နေရာကို ညွှန်းပြီးရင်တော့ Save ကိုနှိပ်လိုက်ပါ။

၆။ သိမ်းဆည်းထားတဲ့ Folder တွင် MT6572_Android_scatter ပုံစံဖြင့်
ရောက်နေပါလိမ့်မယ်၊ Scatter File ကိုဖန်တီးမှု ပြီးဆုံးပါပြီ။


Scatter File ကို Readback ပြုလုပ်နည်း
=====================
၁။ Readback လုပ်ရန်အတွက် SP Flash Tool ကိုဖွင့်လိုက်ပါ။

၂။ SP Flash Tool မှ Download ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။

၃။ SP Flash Tool မှ Scatter Loading နေရာကိုနှိပ်ပေးပြီး
MT6589_Android_scatter_emmc ဖိုင်ကိုရွေးချယ်ပြီး Open ကိုနှိပ်ပါ။

၎။ SP Flash Tool မ Readback ဆိုတာကိုထပ်နှိပ်ပါ။

၅။ ပြီးရင် add နေရာကိုထပ်နှိပ်လိုက်ပါ။

၆။ add နေရာကို နှိပ်လိုက်လို့ ကျလာတဲ့ 0x00000000 စသည့်ဖြင့်
နေရာတွင် Doucble Click နှိပ်လိုက်ပါပါ။

၇။ ဆွဲထုတ်ထားတဲ့ MT6589_Android_scatter_emmc ဖိုင်ကို
ရွေးချယ်ပေးပြီး Save ကိုနှိပ်လိုက်ပါ။

၈။ Readback blok start address box ကျလာပါလိမ့်မယ်။

၉။ MTK Droid Tool ကိုထပ်ဖွင့်ပြီး Blocks Map ကိုထပ်နှိပ်ပါ။

၁၀။ Block devices Info Box ထပ်ပြီးကျလာပါလိမ့်မယ်။

၁၁။ Rom တစ်ခုလုံးကို Backup ထုတ်ယူမှာဖြစ်တဲ့အတွက်
Name ရဲ့ usrdata ကိုရွေးချယ်ပြီး Scatter နေရာတွင် ရှိသည့်
ဂဏန်း (၁၀) လုံးကို Notepad ဖြင့်ရေးမှတ်လိုက်ပါ။
(Size ရဲ့ ဂဏန်း (၁၀) လုံးကို မယူရ)

၁၂။ Notepad တွင်ရေးမှတ်ထားသည့် ဂဏန်း (၁၀) လုံးတွင်
ရှေ့ဆုံးမှ 000 Value များတွင် ရှေ့ဆုံးမှာ 0x58580000 စသည့်
ပြောင်းလဲပြီး Readback blok start address box မှ
Length: နေရာတွင် Paste ပြုလုပ်လိုက်ပါ၊ ပြီးရင် OK ကိုနှိပ်ပါ။

မှတ်ချက်။ အဆိုပါ Scatter ရဲ့ အောက်တွင်ရှိသည့် 00 Value များနဲ့
ဂဏန်းများသည် မှားလို့မဖြစ်ပါ၊ မှန်အောင် ရိုက်ထည့်ရမှာပါ။

၁၃။ အားလုံးပြီးရင်တော့ SP Flash Tool မှ Readback ကိုနှိပ်ပါ။

၁၄။ ဖုန်းကို ပါဝါပိတ်ပြီး ဓာတ်ခဲဖြုတ်-ပြန်တပ်ပြီး USB Cable ဖြင့်
ချိတ်ဆက်ပေးလိုက်ပါ၊ ဘာခလုပ်မှ နှိပ်ပေးစရာမလိုပါ Normal Mode ပဲဖြစ်ပါတယ်။

၁၅။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေသည့်နှင့် တစ်ပြိုင်နက်တည်း
Flash Tool တွင် အနီရောင် 100% နှုန်းဖြင့် စတင်ပြေးပြီး အပြာရောင့်
စတင်ပြေးနေတဲ့အခါ 1% To 100% နှုန်းထိ ပြည့်အောင်စောင့်နေလိုက်ပါ။

၁၆။ Readback OK ဆိုပြီး အစိမ်းရောင်ဖြင့် တက်လာခဲ့ရင်တော့ Scatter File ကို
SP Flash Tool ဖြင့် Readback ပြုလုပ်ခြင်း အောင်မြင်ပါပြီ။


Process File Rom ကို Flash Tool Firmware ဖန်တီးနည်း
==============================
၁။ MTK Droid Tool ကိုဖွင့်လိုက်ပါ။

၂။ ဖုန်းကို ပါဝါပိတ်ပြီး USB Cable ဖြင့်ချိဆက်ပါ။

၃။ ကြိုတင်ဆွဲထုတ် ROM-0 ကိုရွေးချယ်ပြီး

၎။ CWM recoery autoraticlly ဆိုပြီး ပေါ်လာခဲ့ရင်တော့ No ထိပ်လိုက်ပါ၊

၅။ နောက်ထပ် recovery file ကိုရွေးချယ်ခိုင်းရင်လည်း Cancle ကိုနှိပ်ပါ။

၆။ Process တစ်ခုပြုလုပ်နေတုန်း ပြီးဆုံးအောင်စောင့်နေလိုက်ပါ။

၇။ take is complete ဆိုပြီး ပြနေခဲ့ရင်တော့ Backup ထုပ်ယူခြင်း
အောင်မြင်စွာဖြင့် ပြီးဆုံးပါပြီ။


Backup Firmware ရှိသည့်နေရာ
==================
MTK Droid Tool ဖြင့် Backup ထုတ်ယူခြင်းပြီးဆုံးခဲ့ရင် မိမိ
Backup ထုတ်ယူလိုက်တဲ့ Firmware folder ရှိသည့်နေရာကတော့
MTK Droid Tool ရဲ့ Backup Folder ထဲမှာပဲ ဖုန်းနာမည် ထုပ်ယူသည့်
နေ့စွဲဖြင့်နေရာက်နေပါလိမ့်မယ်၊ ဒီအတွက် MTK Droid Tool Folder ကို
ဖွင့်လိုက်ပြီး Backup Folder ထဲမှာ ရှာကြည့်လိုက်ပါ။

Recovery.img file နာမည်ပြောင်းနည်း
=====================
Rom တစ်ခုလုံးကို Backup ထုတ်ယူလိုက်ရင်တော့
Recovery ဆိုတာလည်း ပါလာပြီးသားဖြစ်ပါတယ်။

ဒါပေမယ့် နာမည်ပြောင်းလဲပေးရမှာပါ ဥပမာ
Factory_NONmodified_recovery ဆိုပြီးတွေ့ပါလိမ့်မယ်
အဲဒီကို Right Click တစ်ချက်ထောက်ပြီး Reame ဖြင့်
'recovery' ဆိုပြီးနာမည်ပြောင်းပေးလိုက်ပါ။

ဒါဆိုရင်တော့ မိမိ ထုပ်ယူထားတဲ့ Backup Firmware ဖိုင်ကို
Flash Tool များဖြင့် စိတ်ကြိုက်တင်ယူနိုင်ပါပြီ။
SP Flash Tool ဖြင့် တင်နည်း
================
၁။ SP Flash Tool ကိုဖွင့်

၂။ SP Flash Tool မှ Download နေရာကိုနှိပ်

၃။ Scatter Loading ကိုတစ်ချက်နှိပ်ပြီး Backup firmware Folder ထဲမှ
င်္MT6589_Android_scatter_emmc ဖိုင်ကို ရွေးချယ်လိုက်ပါ
(Firmware Scatter File ဖြစ်ပါသည်)

၎။ Download Only ကိုထားပြီး Download ကိုနှိပ်လိုက်ပါ

၆။ ဖုန်းကို ပါဝါပိတ်ပြီး ဓာတ်ခဲဖြုတ် (ဖြုတ်မရတဲ့အလုံးတွေ ဖြုတ်စရာမလို)
ပြန်တပ်ပြီး ဖုန်းမှ Vol Down ကီးကိုနှိပ်ထားပြီး ကြိုးဖြင့်ချိတ်ဆက်ပေးလိုက်ပါ။

၇။ ကွန်ပျူတာက ဖုန်းကိုသိပြီဆိုရင်တော့ Firmware ကိုရေးသွားပါလိမ့်မယ်။

၈။ Download OK ဆိုပြီး အစိမ်းရောင်ဖြင့်မြင်နေရရင်တော့ အောင်မြင်ပါပြီ။

Root access မရှိတဲ့ MTK ဖုန်းတစ်လုံးမှ  
Full Firmware Backup ထုပ်နည်း 1000%
=======================


                       
ပုံတွေနဲ့ PDF Version ကိုတော့ ထက်တင်ပေးသွားမှာပါ

အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ

ဇူးနစ်(နည်းပညာ)

1 comments so far

This is such a great resource that you are providing and you give it away for free.
mtk flash tool


EmoticonEmoticon

About Me