မန်ဘာဝင်သွားနိုင်ပါတယ်

Saturday, August 20, 2016

သင့်လက်ဖြင့်နှိပ်စရာမလိုဘဲ သီချင်းကျော်နိုင်မည့် Sensor Music Player 2.5331 Apk

သီချင်းများနားဆင်နေချိန်တွင် နောက်ထပ်သီချင်းတစ်ပုဒ်ကိုကျော် ချင်တဲ့အခါ မိမိလက်ဖြင့်နှိပ်ပေးရန်မလိုဘဲ သီချင်းကျော်ပေးနိုင်မည့် Apps တစ်ခုလည်းဖြစ်ပါတယ်။
လက်ဖြင့်ထိစရာမလိုဘဲ သီချင်းကျော်ရန် (၃) မျိုးကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
(၁) မိမိဖုန်း၏မျက်နှက်ပြင်ကို လက်ဖြင့်ဝှေ့ လိုက်ယုံဖြင့်နောက်ထပ်သီချင်းတစ်ပုဒ်ကိုကျော်ပေးမှာဖြစ်ပြီး လက်က ဘယ်ဘက်ကိုဝှေ့ လျှင် ဘယ်ဘက်ကသီချင်းကိုကျော်ပေးပြီး ညာဘက်သို့ လက်ကဝှေ့ လိုက်မယ်ဆိုရင် ညာဘက်က သီချင်းကိုကျော်ပေးမှာဖြစ်ပါတယ်။
(၂) မိမိ၏ ဘောင်ဘီအိပ်ကပ်ထဲကိုထည့်ထားရင်လည်း နံပါတ်(၁) ကဲ့သို့ လက်ဝှေ့ ပြီးနောက်ထပ်သီချင်းတစ်ပုဒ်ကိုကျော်နိုင်မှာဖြစ်ပါတယ်။
(၃) ဖုန်းအား ခုံပေါ်တင်ထားပြီး ဖုန်း၏ဘေးကို မိမိလက်ဖြင့်ထုလိုက်ခြင်းဖြင့် နောက်ထပ်သီချင်းတစ်ပုဒ်အားကျော်ပေးမှာဖြစ်ပါတယ်။
အသုံးပြုရန် အဆိုပါ Apps အတွင်ရှိ LIBRARY နေရာအားနှိပ်ပြီး All Track အားနှိပ်ကာ မိမိဖုန်းထဲကသီချင်းအားလုံးကို Apps ထဲသို့ ထည့်ပေးရမှာဖြစ်ပါတယ်။
သီချင်းကျော်နည်း (၃) မျိုးတော့ Sensor ဘေးနားမှ သင်္ကေတအားနှိပ်ပြီး ရွေးချယ်ထားနိုင်ပါတယ်။
ရွေးချယ်ထားပြီးရင်တော့ မိမိရွေးချယ်တဲ့ပုံစံတိုင်း သီချင်းကို လက်နဲနှိပ်စရာမလိုဘဲကျော်နိုင်မှာဖြစ်ပါတယ်။
Sensor Music Player အားဒေါင်းယူနိုင်ပါတယ်။
အာကာ
Software Guide





EmoticonEmoticon

About Me